Suprme x Levis 501 Jacket (SS17)
2017 ခုနှစ်မှာ Suprme ရဲ့ lv က မြင်သထက်မြင့်လာပြီး suprme box logo hoodie demand ကကြီး သထက်ကြီးလာတဲ့အချိန် street wear တွေရဲ့အရှိန်အဟုန်ကလည်း luxury brand တွေလောက်နီးနီးအားကောင်းလာတဲ့အချိန်မှာ Supreme ဘက်က collaboration တစ်ခုကိုလုပ်ချင်ခဲ့ပါတယ်။ အဲ့ Collaboration ကိုမလုပ်ခင်မှာ Supreme ဘက်ကလူတွေက လူငယ် Skater တွေကြားမှာ Hoodie အပေါ် Jean Jacket တွေကို Style အနေနဲ့ထပ်ဝတ်တာကိုသတိထားမိပြီး သဘောကျခဲ့သလို သူတို့ ရဲ့ ထပ်ထွက်မယ့် collaboration ကို ဒီ Hoodie အပေါ် Jean Jacket ထပ်ဝတ်တဲ့ style ကို inspire ယူပြီးထုတ်လုပ်မယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲ့မှာ Supreme ဘက်ကတွေးတဲ့ပုံကရှင်းပါတယ်။ ကျွန်တော်တို့မျက်စိထဲမှာ Denim Jacket တွေနဲ့ Jean တွေ ကိုမြင်လိုက်တာနဲ့ပထမဆုံး သတိရမိတဲ့ Brand နဲ့ collaboration လုပ်မှာပါ။ အဖြေကိုတော့လူတိုင်းသိပြီးသားဖြစ်မှာပါ။ Levi's ပါဘဲ။
Supreme နဲ့ Levis Collab ဟာရှေ့မှာလည်း ထွက်ရှိခဲ့ပြီးသားမို့ ဒီ collab ဖြစ်လာဖို့က အရမ်းကြီးမခက်ခဲ ခဲ့ပါဘူး။ Supreme ဘက်က Levi's နဲ့ Collab လုပ်တဲ့အခါမှာ Levi's ရဲ့ ဘယ် Jacket ကိုရွေးချယ်မလဲ စတင်စဥ်းစားခဲ့ပါတယ်။ Supreme ဘက်က Skate Culture ကိုအလေးထားတဲ့ Brand ဖြစ်သလို သူတို့ inspire လုပ်ခဲ့တဲ့ Design ကလည်း Skate Culture ကနေဘဲဆင်းသက်လာတာဖြစ်လို့ Skater တွေအတွက် Confort ဖြစ်မယ့် Jacket ကိုဘဲရွေးချယ်ချင်ခဲ့ပါတယ်။ ပထမဆုံး Levi's ရဲ့ 505 ကို collab အတွက် အဆင်ပြေမပြေ စတင်စဥ်းစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ 505 ကိုကြည့်လိုက်တဲ့အချိန်မှာ Old school အရမ်းဆန်လွန်းပြီး Supreme သွားချင်တဲ့ Skate Youth Culture ဘက်လုံးဝမဆန်ဘဲ Classic ဆန်လွန်းနေတာကြောင့်ပယ်ချခဲ့ပါတယ်။ ဒါနဲ့ဘဲ နောက်ထပ် 511နဲ့ collab လုပ်ဖို့ထပ်စဥ်းစားပါတော့တယ်။ Levis ရဲ့ 511 ဟာလည်း အရမ်း slim ဖြစ်လွန်းပြီး Skater တွေအတွက် လှုပ်ရှားဖို့ခက်ခဲတာကို သတိထားမိခဲ့တဲ့အတွက် ထပ်မံပယ်ချခဲ့ပါတယ်။ နောက်ထပ် Supreme collab လုပ်ဖို့စဥ်းစားခဲ့တဲ့ Levi's Jacket က 550 Jacket ပါ။ အဲ့ Jacket ဟာလည်း Baggy ဖြစ်လွန်းပြီး Skate တွေအတွက် အရမ်းလေးလွန်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပယ်ချခဲ့ပါတယ်။ နေက်ဆုံး Supreme ဘက်က ရွေးချယ်ခဲ့တဲ့ 501 Jacket ဟာ အရမ်းလည်းမကျပ်သလို အရမ်းကြီးလည်း Baggy ဖြစ်မနေပါဘူး။ ဒါ့အပြင် 501 Jacket ကိုထပ်ဝတ်ပြီး Skate စီးတဲ့အခါမှာလည်း Skater ရဲ့ Movement တွေကအဆင်ပြေသလို Skater ကိုယ်တိုင်ကလည်း Confort ဖြစ်တာကိုသတိထားမိပြီး ဒီ Jacket ဟာ နောက်ထပ် Supreme နဲ့ Levis ရဲ့ Collab ဖြစ်လာဖို့ ရွေးချယ်ခံရပါတော့တယ်။
Levi's ရဲ့ Signature Jacket တစ်ခုကို Levi's လို့ မမြင်ဘဲ Supreme ရဲ့ Collab Item တစ်ခုအနေနဲ့ မြင်အောင်လုပ်ဖို့ဆိုတာခက်ခဲပါတယ်။ Supreme ဘက်ကလည်း ဒါကိုစဥ်းစားမိခဲ့ပါတယ်။ Supreme ဟာသူတို့ရဲ့ Supreme Logo ကို လက်မှာ Print အကြီးရိုက်ပြီး သူတို့ Inspire ယူထားတဲ့ Design အတိုင်း Jacket မှာ ခေါင်းစွပ်ပါ ထပ်ထည့်ခဲ့ပါတယ်။ 501 Jacket မြင်တာနဲ့ Levi's ဆိုပြီးမျက်မှန်းတန်းမိနေတဲ့ လူတွေကို ဒါက Levis ရဲ့မူရင်း Design မဟုတ်ဘူး ဘယ် Levis 501 Jacket မှာမှ ခေါင်းစွပ်မပါသလို ခေါင်းစွပ်ပါပြီ ဆိုတာနဲ့ Suprme collab ဘဲလို့မြင်အောင်လုပ်ပြနိုင်ခဲ့ပါတယ်။ ဒီ Jacket ဟာ 2017 May လမှာ Supreme Physical Store တွေနဲ့ Online မှာ 270$ (မြန်မာငွေ 12သိန်းဝန်းကျင်) နဲ့ Release ခဲ့ပေမယ့် အခုအချိန်မှာတော့ 660$ (မြန်မာငွေ သိန်း 30 နီးပါး) အထိ မြင့်တက်သွားပြီဖြစ်ပါတယ်။
Suprme x Levis 501 Jacket (SS17)
Size M
Shoulder - 18''
Chest - 20''
Length - 25''
Price 3lakh