ဆပ်ပြာသီး soap nut
=================
soap nut ( ဆပ်ပြာသီး ) အကြောင်းလေးကို အနည်းငယ် မျှဝေပေးပါရစေ
ဆပ်ပြာသီး ( Soapnut or Soapberry ) အကြောင်းသိကောင်းစရာ
ဆပ်ပြာသီး ( Karnel ) ဆိုတာ သဘာဝက ပေးတဲ့ လက်ဆောင်မွန်တစ်ခု ဖြစ်ပါတယ်။
ဆပ်ပြာသီး ( Soapnut or Soapberry ) က မျိုးရင်း Sapidaceae ဖြစ်ပြီး Sapindus မျိုးစုထဲကဖြစ်ပါတယ်။
Sapindus မျိုးစုကွဲများစွာရှိပါတယ်။ Sapindus ဆိုတာ လက်တင်ဘာသာစကား ( အဓိပ္ပာယ်က Indian soap ) ဖြစ်ပါတယ်။
Sapindus မျိုးစုအောက်မှာ ဆပ်ပြာသီး နှင့် ဆိုင်တဲ့ မျိုးစိတ် အတော်များပါတယ်။
မျိုးစုကိုလိုက်ပြီး အပင်ရဲ့ အရွက်ပုံစံ၊ အရေအတွက် ကွဲပြားသွားလိမ့်မည်။
ဆပ်ပြာသီးတွင် saponins များစွာပါဝင်ပြီး saponins က natural surfactant ဖြစ်တာကြောင့် နှစ်ပေါင်းများစွာကတည်းက အာရှ နှင့် အမေရိကန်မှာ ဆပ်ပြာသီးကိုသုံးပြီး အဝတ်လျှော်ခြင်း နှင့် ခေါင်းလျှော်ခြင်း ပြုလုပ်ခဲ့ကြတယ်ဆိုပါတယ်။
ဆပ်ပြာသီးက ခေါင်းလျှော်ရန်အတွက် ခေါင်းလျှော်ရည်တစ်မျိုးအဖြစ်သာမက hair tonic ( ဆံပင်သန်ဆေး) အဖြစ်လည်း သုံးနိုင်ပါတယ်။
Saponin များစွာပါဝင်သော ဆပ်ပြာသီးက mild detergent ဖြစ်ရုံသာမက antimicrobial ( ပိုးသတ်ပစ္စည်း) နှင့် anti-inflammatory ( ရောင်ရမ်းခြင်းလျော့ချပေးသောပစ္စည်း) လည်းဖြစ်ပါတယ်။
ရှမ်းပြည်မှာလည်း ဆပ်ပြာပင်များ ပေါက်ပါတယ်။ ရှမ်းပြည်တောင်ပေါ်မှာ ဆပ်ပြာသီးကို မီးဖုတ်၊ အဆီနည်းနည်းထွက်လာလျှင် ရေနွေး သို့မဟုတ် ရေအေးနဲ့စိမ်ပြီးအဝတ်တွေလျှော်ကြတယ်။
တစ်ချို့အိမ်မှာ ဆပ်ပြာသီးကို အစေ့ထုတ်၊ရေအေးနဲ့ ၃-၄နာရီစိမ်ပြီး၊ မီးအေးအေးနဲ့ပြုတ်ကြတယ်။ ဆပ်ပြာသီး၁-ဆ နှင့် ရေ ၅-ဆထည့်ပြီး၊ ရေ၃ပုံတပုံကျန်တဲ့အထိရေခမ်းအောင်ပြုတ်ပြီး အရည်ကိုစစ်ယူပြီး၊ခေါင်းလျှော်ကြပါတယ်။
ခေါင်းအေးပြီး ဆံပင်ပျော့ပါတယ်။
ဆပ်ပြာသီးကရတဲ့ ခေါင်းလျှော်ရည်ကို ဆံပင်ပါးသူ၊ ဆံပင်အဆီထွက်သူ၊ဘောက်များသူ၊ခေါင်းပူနေသူ၊ ဆံပင်ကြမ်းသူတွေအသုံးပြုနိုင်ပါတယ်။
ဓာတုခေါင်းလျှော်ရည် အသုံးပြုထားတဲ့ဆံပင်တွေအတွက်တော့ ရလဒ်က ချက်ချင်း မသိသာနိုင်ပါ။ အချိန်လိုပါလိမ့်မည်။
Chemical ပစ္စည်းများဖြင့်ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်တွေထက် သဘာဝစစ်စစ် အသီးများကရတဲ့ ခေါင်းလျှော်ရည် က organic စစ်စစ် ဖြစ်လို့ ပိုကောင်းပါလိမ့်မည်။
ချေးချွတ်အားကောင်းမွန်ခြင်း
အမြှုပ်ထွက်စေခြင်း
အသားအရေပြားများကို အစိုဓါတ်ပေးခြင်း
ဆံပင် အတွက် အထူး ကောင်းမွန်ခြင်း
ပိုးမွှာများသေစေနိုင်ခြင်း
ဘေဘီသေးသေးလေးတွေ ရဲ့ အဝတ်အစားများလျော်နိုင်ခြင်း
ပိုးထည် များလျော်ဖွတ်နိုင်ခြင်း စသည့် သဘာဝကပေးထားသောလက်ဆောင်မွန်ဖြစ်ပါတယ်❤️❤️❤️☎️0️⃣9️⃣7️⃣7️⃣7️⃣7️⃣6️⃣9️⃣0️⃣5️⃣1️⃣
Credit #NaturalbeautybyRuby
Crd#သဘာဝနည်းနဲ့လှပကျန်းမာစေသောနည်းများကိုမျှဝေပေးမှာမို့❤️
💥Following or Seefirst Me💥❤️❤️
Page link🌟🌟🌟 https://www.facebook.com/455796658286493/posts/1155613891638096/