တိုက်ခန်း classified: စျေးတန်တိုက်ခန်းအရောင်း

Yangon, တောင်ဒဂုံ

 စျေးတန်တိုက်ခန်းအရောင်း Image, တိုက်ခန်း classified, Myanmar marketplace, Myanmarkt
10

135

Lkh

Housing for all


ဆက်သွယ်ရန် လိပ်စာ ....

09400951112

အရွယ်အစား:

15 sq ft

အိပ်ခန်း:

N/A

ရေချိုးကန်များ:

N/A

အခြေအနေ:

အသုံးပြုပြီး

မင်္ဂလာပါ ဒီအခန်းလေးရောင်းပါမယ်.. အသစ်ဝယ်ပြီးကတည်းက အခန်းစိတ်ကြိုက် ဖွဲ့ထားပါတယ်.. မီးလိုင်း၊ ရေလိုင်း၊ဂျက်ဆင်ဘုတ် တံခါးများ ၊ အကုန် အသစ် လဲလှယ် တပ်ဆင်ထားပါတယ်.. ကြွေပြားကြမ်းခင်းများ ခန်းလုံးပြည့် အကုန်ကပ်ထားပါတယ်။ မီးလုံးများကိုလည်း အသစ်လဲလှယ်ထားပြီး မျက်နှာကြတ်များလည်း တပ်ဆင်ပြီးသားပါ။ လိုက်ကာများနဲ့ တန်းများ တပ်ဆင်ပြီးသားပါ.. နောက်ဖေး ဝရန်တာအထွက် တံခါးမကြီးကိုလည်း နဂို PVC တံခါးကိုဖြုတ်ပြီး သံတံခါးမကြီးတင်မကပဲ သံပန်း တံခါးပါနှစ်ထပ်တပ်ပြီး သော့နှစ်ဆင့်ခတ်ပြုလုပ်ထားပါတယ်.. ဘိုထိုင်အိမ်သာ ၊ ရေချိုးခန်း ရေပန်း တပ်ဆင်ပြီး ကြွေပြားကပ်ထားပါတယ်။ ကိုယ်ပိုင်မော်တာ၊ ရေ မီး အဆင်ပြေပါတယ်။ မီတာကလည်း အစိုးရမီတာ လျှောက်ထား ကျထားပြီးသားဖြစ်လို့ အိမ်ယာမီတာမဟုတ်တဲ့အတွက် မီတာခ သက်သာတဲ့ အခန်းလေးပါ.. အိပ်ခန်းအတွင်း Aircon တပ်ဆင်ပြီးသားပါ။ မိန်းလမ်းမကြီးဘေး ထောင့်ဘက်တိုက်ခန်း ဖြစ်လို့ ဝယ်ယူစဉ်ကကုမ္ပဏီကို ဆယ်သိန်းကျပ် တိတိ ပိုပေးခဲ့ရတဲ့ အခန်းပါ။ လေဝင်လေထွက်၊ အလင်းရောင်၊ view အရမ်းကောင်းပါတယ်.. အကျယ် ၁၅ ပေ ၄၀ ပေရှိပါတယ်။ ရှေ့နောက် ၀ရန်တာ လှေကား အတက်အဆင်း ကျယ်ဝန်း ပြီး လုံခြုံရေး ၂၄ နာရီ ရှိပါတယ်။ လူနှစ်လသာနေရသေးတဲ့ တိုက်ခန်းအသစ်ကလေးပါ.. ကိုယ်တိုင် အေးအေးလူလူ အနားယူဖို့ ဝယ်ထားပြီး စိတ်ကြိုက်ပြင်ထားတဲ့ အခန်းလေးပါ.. အစိုးရဝန်ထမ်းမို့ နေရာ ဒေသ ပြောင်းရမှာမို့ စျေး ၁၃၅ သိန်းနဲ့ ပြန်ရောင်းပါ့မယ် ။ ယခု ကုမ္ပဏီပေါက်စျေး ၁၇၅ သိန်း ပါ.. နေရာက တောင်ဒဂုံ အမှတ် ၂ လမ်းမကြီးပေါ်ရွာသာကြီးစီးပွားရေး တက္ကသိုလ်အနီး ဒီဇင်ဘာ သီရိဂေဟာမြို့တော် ပါ။ YBS ၉ရ (စီးပွားရေးတက္ကသိုလ်ထိ) YBS ရ၁၊ ၁၊ ထာဝရကားလိုင်း၊ ကမ္ဘာကျော်ကားလိုင်း များရောက်ရှိပါသည်။ သွားရေးလာရေး လွယ်ကူပါသည်။ ၁၃၅ သိန်းနဲ့ ဒီလိုတိုက်ခန်းမျိုး ဘယ်မှာမှ မရနိုင်ပါဘူး 09400951112 09977220999 09400951110

အဲကွန်း

သင်လည်းအခြားသူများကိုကြိုက်နှစ်သက်နိုင် အိမ်ခြံမြေအရောင်း ကြော်ငြာများ:


ဆက်စပ်သောရှာဖွေမှုများ

အိမ်ခြံမြေအရောင်း(ရန်ကုန်) အိမ်ခြံမြေအငှါး(ရန်ကုန်) house or apartment for sale in Mandalay house or apartment for rent in Mandalay Myanmar property Myanmar real estate rental ရုံးနှင့်သိုလှောင်ရုံ အငှါး/အရောင်း(နေပြည်တော်)