မင်းသားကြီး အမီတာဘချန်းနှင့် သားဖြစ်သူ အဘီရှက်တို့တွင် COVID-19 ကူးစက်နေ မွမ်ဘိုင်း၊ ဇူလိုင် ၁၂ နာမည်ကျော် ဘောလီဝုဒ် ရုပ်ရှင်မင်းသားကြီး အမီတာဘချန်းတွင် COVID-19 ကူးစက်နေကြောင်း စနေနေ့က စစ်ဆေးတွေ့ရှိသည်။ သူ့ထံတွင်သာမက သူ၏သားဖြစ်သူ အဘီရှက်တွင်လည်း COVID-19 ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်။ ထို့ကြောင့် သားအဖ နှစ်ဦးစလုံးတို့အား မွမ်ဘိုင်းမြို့ရှိ နာနာဝတီ ဆေးရုံး သီးသန့်ခန်းတွင်ထားရှိ၍ ကုသမှုများဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။ ”ကျွန်တော့်မှာ ကိုဗစ်ပေါ့စတစ်ဖြစ်နေတာကို စစ်ဆေးတွေ့ရှိပါတယ်။ ဆေးရုံတက်ရမယ်လို့ တာဝန်ရှိသူတွေက အကြောင်းကြားပါတယ်။ ကျန်တဲ့မိသားစုဝင်တွေနဲ့ ကျွန်တော့်ဝန်ထမ်းတွေရဲ့ ဆေးစစ်ချက်အဖြေတွေကတော့ ထွက်မလာသေးပါဘူး။ ကျွန်တော်နဲ့ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း ထိတွေ့ခဲ့သူတွေအားလုံးကို ဆေးစစ်ထားပါတယ်”ဟု မင်းသားကြီးက သူ၏ တွစ်တာအကောင့်တွင် စနေနေ့ည သန်းခေါင်အချိန်ခန့်က ရေးသားခဲ့သည်။ သူ၏သားဖြစ်သူ အဘိရှက်ကလည်း သူ၏ဆေးစစ်ချက်အဖြေတွင်ပါ COVID-19 ပေါ့စတစ်ဖြစ်နေကြောင်း ယနေ့(ဇူလိုင် ၁၂) နံနက်စောစောပိုင်းက သူ၏ တွစ်တာတွင် ရေးသားခဲ့သည်။ ”ဒီနေ့ မနက်စောစောပိုင်းက ကျွန်တော်တို့သားအဖနှစ်ယောက်စလုံး COVID-19 စစ်ဆေးခဲ့ရာမှာ နှစ်ယောက်စလုံး ပေါ့စတစ်ဖြစ်တယ်လို့ အခုသိရပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ အပျော့စား ရောဂါလက္ခဏာတွေရှိတာကြောင့် ဆေးရုံတက်ရပါတယ်။ မိသားစုဝင်တွေနဲ့ ဝန်ထမ်းတွေအားလုံးကိုလဲ စစ်ဆေးထားပါတယ်။ အားလုံး အစိုးရိမ်မလွန်ကြပါနဲ့။ အခြေအနေအေးအေးဆေးဆေးပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု အဘိရှက်က ရေးသားထားခြင်းဖြစ်သည်။ မင်းသားကြီး အမီတာဘချန်းသည် အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး၊ သားဖြစ်သူ အဘိရှက်မှာ ၄၄ နှစ်ရှိပြီဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ယခုအခါ ကမ္ဘာတွင် COVID-19 ကူးစက်ပြန့်ပွားမှု တတိယမြောက်အများဆုံးသော နိုင်ငံဖြစ်နေသည်။ ယခင်က ရုရှားနိုင်ငံက တတိယမြောက်အများဆုံးနိုင်ငံဖြစ်နေရာမှ စနေနေ့ကသိရသော အချက်အလက်များအရ အိန္ဒိယ နိုင်ငံသည် ကမ္ဘာတွင် COVID-19 ကူးစက်ပြန့်ပွားမှု တတိယမြောက်အများဆုံးသော နိုင်ငံဖြစ်လာခဲ့သည်။ အိန္ဒိယနိုင်ငံတစ်ဝန်းတွင် COVID-19 ကူးစက်ခြင်းခံရသူ စုစုပေါင်း ၈သိန်းခွဲကျော်(၈၅၀၃၅၈ ဦး)ရှိပြီး၊ ၂၂၆၈၇ ဦးသေဆုံးခဲ့ကာ ၅၃၆၂၃၁ ဦးသက်သာပျောက်ကင်းခဲ့ကြောင်းသိရသည်။ Source: The Economic Times Ref: Amitabh Bachchan, son Abhishek test positive for Covid-19, admitted to Nanavati hospital; Jr Bachchan urges people to stay calm
(Zawgyi) မင်းသားကြီး အမီတာဘချန်းနှင့် သားဖြစ်သူ အဘီရှက်တို့တွင် COVID-19 ကူးစက်နေ မွမ်ဘိုင်း၊ ဇူလိုင် ၁၂ နာမည်ကျော် ဘောလီဝုဒ် ရုပ်ရှင်မင်းသားကြီး အမီတာဘချန်းတွင် COVID-19 ကူးစက်နေကြောင်း စနေနေ့က စစ်ဆေးတွေ့ရှိသည်။ သူ့ထံတွင်သာမက သူ၏သားဖြစ်သူ အဘီရှက်တွင်လည်း COVID-19 ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်။ ထို့ကြောင့် သားအဖ နှစ်ဦးစလုံးတို့အား မွမ်ဘိုင်းမြို့ရှိ နာနာ၀တီ ဆေးရုံး သီးသန့်ခန်းတွင်ထားရှိ၍ ကုသမှုများဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။ ”ကျွန်တော့်မှာ ကိုဗစ်ပေါ့စတစ်ဖြစ်နေတာကို စစ်ဆေးတွေ့ရှိပါတယ်။ ဆေးရုံတက်ရမယ်လို့ တာ၀န်ရှိသူတွေက အကြောင်းကြားပါတယ်။ ကျန်တဲ့မိသားစု၀င်တွေနဲ့ ကျွန်တော့်၀န်ထမ်းတွေရဲ့ ဆေးစစ်ချက်အဖြေတွေကတော့ ထွက်မလာသေးပါဘူး။ ကျွန်တော်နဲ့ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း ထိတွေ့ခဲ့သူတွေအားလုံးကို ဆေးစစ်ထားပါတယ်”ဟု မင်းသားကြီးက သူ၏ တွစ်တာအကောင့်တွင် စနေနေ့ည သန်းခေါင်အချိန်ခန့်က ရေးသားခဲ့သည်။ သူ၏သားဖြစ်သူ အဘိရှက်ကလည်း သူ၏ဆေးစစ်ချက်အဖြေတွင်ပါ COVID-19 ပေါ့စတစ်ဖြစ်နေကြောင်း ယနေ့(ဇူလိုင် ၁၂) နံနက်စောစောပိုင်းက သူ၏ တွစ်တာတွင် ရေးသားခဲ့သည်။ ”ဒီနေ့ မနက်စောစောပိုင်းက ကျွန်တော်တို့သားအဖနှစ်ယောက်စလုံး COVID-19 စစ်ဆေးခဲ့ရာမှာ နှစ်ယောက်စလုံး ပေါ့စတစ်ဖြစ်တယ်လို့ အခုသိရပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ အပျော့စား ရောဂါလက္ခဏာတွေရှိတာကြောင့် ဆေးရုံတက်ရပါတယ်။ မိသားစု၀င်တွေနဲ့ ၀န်ထမ်းတွေအားလုံးကိုလဲ စစ်ဆေးထားပါတယ်။ အားလုံး အစိုးရိမ်မလွန်ကြပါနဲ့။ အခြေအနေအေးအေးဆေးဆေးပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု အဘိရှက်က ရေးသားထားခြင်းဖြစ်သည်။ မင်းသားကြီး အမီတာဘချန်းသည် အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး၊ သားဖြစ်သူ အဘိရှက်မှာ ၄၄ နှစ်ရှိပြီဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ယခုအခါ ကမ္ဘာတွင် COVID-19 ကူးစက်ပြန့်ပွားမှု တတိယမြောက်အများဆုံးသော နိုင်ငံဖြစ်နေသည်။ ယခင်က ရုရှားနိုင်ငံက တတိယမြောက်အများဆုံးနိုင်ငံဖြစ်နေရာမှ စနေနေ့ကသိရသော အချက်အလက်များအရ အိန္ဒိယ နိုင်ငံသည် ကမ္ဘာတွင် COVID-19 ကူးစက်ပြန့်ပွားမှု တတိယမြောက်အများဆုံးသော နိုင်ငံဖြစ်လာခဲ့သည်။ အိန္ဒိယနိုင်ငံတစ်၀န်းတွင် COVID-19 ကူးစက်ခြင်းခံရသူ စုစုပေါင်း ၈သိန်းခွဲကျော်(၈၅၀၃၅၈ ဦး)ရှိပြီး၊ ၂၂၆၈၇ ဦးသေဆုံးခဲ့ကာ ၅၃၆၂၃၁ ဦးသက်သာပျောက်ကင်းခဲ့ကြောင်းသိရသည်။ Source: The Economic Times Ref: Amitabh Bachchan, son Abhishek test positive for Covid-19, admitted to Nanavati hospital; Jr Bachchan urges people to stay calm
Ref; Popular News